Skip to main content
Colorado Myanmar American Catholic Community
ကော်လိုရာဒို မြန်မာ အမေရိကန် ကက်သလစ် အဖွဲ့အစည်း

နေ့စဥ် ဆိုအပ်သော ဆုတောင်းမေတ္တာများ

ခရူစူးအမှတ်တားခြင်း။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်နှင့်၊
အာမင်။
သန့်ရှင်းသောဝိညာဉ်တော်ကို ဖိတ်ခေါ်ခြင်း
အိုသန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားကြွ လာတော်မူပါ။
  • ဘာသာတူ အပေါင်းတို့၏ နှလုံးပြည့်ဝစေတော်မူ၍ ချစ်လေးမြတ်ခြင်း မီးလျှံဖြင့်လည်း ထွန်းတောက် စေတော်မူပါ။
  • ဝိညာဉ်တော်မြတ်ကို စေလွှတ်သဖြင့် ဘာသာတူတို့၏ ဝိညာဉ်တို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်ပါ လိမ့်မည်။
  • မြေမျက်နှာပြင်သည်လည်း အသစ်ပြုပြင်ခြင်းသို့ ရောက်ပါလိမ့်မည်။

ဆုတောင်းကြစို့

သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းကျေးဇူးတော်အာဖြင့် ဘာသာတူအပေါင်း တို့ကို သွန်သင်တော်မူပေသော အိုမြတ်စွာဘုရားသခင်၊ ၎င်းဝိညာဉ်တော်အားဖြင့် ဖြောင့်မှန်ရာကို နှစ်သက်၍ သာယာချမ်းသာခြင်းကို ခံစားအံ့သောငှာ၊ အကျွန်ုပ်တို့ သခင်ယေဇူး၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်တော်မူ၍ အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။ အာမင်။

ဂလိုရီယာပါထရီ

ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော် အား ဘုန်းတော် ဂုဏ်တော် ရှိပါစေ။

အစအဦးက ဘုန်းတော် ဂုဏ်တော် ရှိသည့်အတိုင်း ယခုမှ စ၍ ကမ္ဘာ အဆက်ဆက်ရှိပါစေ။ အာမင်။

ကောင်းကင်တမန်တော် မာရီယားအား နှုတ်ဆက်ခြင်းမေတ္တာ

ဂုဏ်ကျေးဇူတော်နှင့် ပြည့်စုံတော်မူသော မာရီယား သခင်မအား မင်္ဂလာဖြစ်စေသတည်း။ ဘုရားသခင်သည် သခင်မ၌ ကျိန်းဝတ်တော်မူ၍ မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူသည်။ သခင်မ၏ ဝမ်းတော်၌ ပဋိသန္ဓေယူတော်မူသော ယေဇူးသည်လည်း မွန်မြတ်တော်မူသည်။ မြတ်စွာဘုရား၏ မယ်တော်သန့်ရှင်းသော မာရီယား ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိသူ အကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်း ပေးတော်မူပါ။ အာမင်။

သခင်ယေဇူးစီရင်ထားတော်မူသော မေတ္တာ

ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ကျွန်ုပ်တို့၏အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေး မြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်။ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသော်။ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာအစားတို့ကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့အား အကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း၊ အခွင့်လွှတ်တော်မူပါ။ နှနှောင့်ယှက်ခြင်းအမှုတို့၌ အကျွန်ုပ်တို့ကို ပါဝင်ခြင်းမရှိစေဘဲလျှက် မကောင်းဟူသမျှနှင့် ကင်းလွတ်စေ တော်မူပါ။ အာမင်။

နေ့စဉ်နံနက် ပူဇော်ခြင်းမေတ္တာ

အို… သခင်ယေဇူး ရွှေနှလုံးတော်၊ ဤနေ့ ကျွန်ုပ် လုပ်အံ့သမျှ၊ ကြံအံ့သမျှ ခံရသမျှသော ဒုက္ခများနှင့် ပို့အံ့သမျှသော ဆုတောင်း မေတ္တာများကို၊ ရွှေစိတ်အကြံတော်နှင့်၊ တစ်လုံးတစ်ဝတည်း ထားပြီးလျှင် သန့်ရှင်း စင်ကြယ်သော မယ်တော်၏ နှလုံးတော်ကို အမှီပြုလျက် ကိုယ်တော်အား တင်ပူဇော်ပါသည်။ အာမင်။

ယုံကြည်ခြင်းမေတ္တာ

မှားယွင်းခြင်းနှင့်ကင်း၍ သစ္စာသမာဓိနှင့် ပြည့်စုံတော် မူသော အိုမြတ်စွာဘုရား သခင်၊ ကိုယ်တော်၏ ဗျာဒိတ်တော်နှင့်အညီ၊ သန့်ရှင်းသောကာသိုလိပ် အသင်း တော် သွန်သင်သမျှကို တည်မြဲစွာ အကျွန်ုပ် ယုံကြည် ခြင်းရှိပါသည်။

မျှော်လင့်ခြင်းမေတ္တာ

အားလုံးစုံကို တတ်နိုင်တော်မူသော အနန္တ ကရုဏာ သနားခြင်းနှင့် ပြည့်စုံတော်မူသော၊ ထားတော်မူရာ ကတိ တော်၌ လည်းအမြဲတည်တော်မူသော အိုမြတ်စွာဘုရားသခင် ယေဇူးခရစ္ဆ္ဆတူးသခင်၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်၍ ကျူးလွန်မိသော အပြစ်တို့၏ အခွင့်ချမ်းသာကို လည်းကောင်း၊
ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါမူ နောင်ဘဝ၌ ထာဝရချမ်းသာကိုရပါမည့် အကြောင်း ကျွန်ုပ်တောင့်တ မျှော်လင့်ခြင်းရှိပါသည်။
ချစ်လေးမြတ်ခြင်းမေတ္တာ
အိုမြတ်စွာဘုရားသခင်၊ ကိုယ်တော်သည် အတိုင်းမသိ ကောင်းမြတ်တော်မူ၍ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံ တော်မူသောကြောင့်၊ နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို အရာခပ်သိမ်းတို့ထက် ချစ်ခင်မြတ်နိုးခြင်း ရှိပါသည်။ သူတပါးကိုလည်း ကိုယ်တော် ၏ ရွှေမျက်နှာတော်ကို ထောက်၍ ကိုယ်ရှင်ကဲ့သို့ ချစ်ခင် မြတ်နိုးခြင်း ရှိပါသည်။
ကိုးကွယ်ခြင်းမေတ္တာ
အထူးသဖြင့် မြင့်မြတ်တော်မူလှှှသော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ပုဂ္ဂိုလ်သုံးပါးတစ် ဆူဘုရား အမှန်ရှိတော်မူကြောင်းကို အကျွန်ုပ် ယုံကြည်ခြင်း ရှိပါသည်။ စိတ်နှလုံး အကြွင်းမဲ့ ကိုယ်တော်ကို ချစ်မြတ်နိုး ရိုသေဦးချ ရှိခိုးပါသည်။ အကျွန်ုပ်ကို ဖန်ဆင်းတော်မူပြီး ဟုတ်မှန်သော တရားအလင်းတော်သို့ပို့ဆောင်ခြင်း၊ ညတွင် ကိုယ်လက်မကွာ ထားတော်မူခြင်း ကျေးဇူးတော်ကို အဘယ်သို့ ဆပ်တင်နိုင်ပါမည်နည်း။ ဒီနေ့တွင် ကျင့်ကြံ လုပ်ဆောင်သမျှကို ကိုယ်တော်အားပူဇော်ပါသည်။ အပြစ်ဒုစရိုက်မှ လွတ်ကင်းစေတော်မူပါမည့် အကြောင်းနှင့် ဘေးရန် အပေါင်းမှ ကာကွယ် ဆောက်ရှောက် တော်မူပါမည့် အကြောင်းကို အကျွန်ုပ်သည် ညွတ်တွား အသနားတော်မြတ် ခံပါသည် ဘုရား။ အာမင်
ကိုစောင့် သိကြားအား ပြု အပ်သည့် ဆုတောင်းမေတ္တာ
ဘုရားရှင် က မိန့်တော် ရှိ၍ အကျွန်ုပ် ကို၌ စောင့်သော သိကြား၊ အကျွန်ုပ်အား နေ့ည မပြတ် ဆုံးမ သွန်သင် ကြည့်၍ စောင့်မတော် မူပါ။ အာမင်။
ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဥ််တော် ၏ နာမတော်မြတ်၌ အာမင်။

နေ့စဥ် ညဦးယံ၌ ဆိုအပ်သော ဆုတောင်း မေတ္တာများ

ခရစ္စတူး အမှတ် အသား

ခမည်းတော် ၊ သားတော် ၊ သန့်ရှင်း သော ဝိညာဥ် တော်၏ နာမတော် မြတ် နှင့်

အာမင်။

ကိုးကွယ်ခြင်း မေတ္တာ

အို…မြတ်စွာ ဘုရားသခင်၊ စိတ်နှလုံး အကြွင်းမဲ့ ကိုယ်တော်ကိုချစ်မြတ် နိုး၍ ရိုသေစွာ ကိုးကွယ် ပါသည်။ အကျွန်ုပ်ကို ဖန်းဆင်း၍ ဘာသာတူခရစ္စတီအန်ဖြစ် စေသော ကျေးဇူးတော် နှင့် ဤနေ့၌ ကိုယ်နှင့် အသက် နှင့် တကွ ထားတော် မူသော ကျေးဇူးတော် ကို အဘယ်သို့ ဆပ်တင်နိုင်ပါမည်နည်း။ ဤနေ့ ၌ ကျင့်ဆောက်တည်ခဲ့သော ကောင်းမှုဟူ သမျှကို ကိုယ်တော်အား တင်ပူဇော်ပါသည်။ ဘေးရန် မကောင်းမှု ဟူ သမျှမှ ကင်းလွတ်စေတော် မူပါမည့် အကြောင်း ညွတ်တွားစွာ အကျွန်ုပ် တောင်းလျှောက်ပါသည်။ အာမင်

ကျေးဇူးဆပ်တင် ခြင်း မေတ္တာ

အို…ဘုရားသခင်၊ ကျွန်ုပ်အား ဤ နေ့ရက်တွင် ဘေးရန် အပေါင်းမှ ကာကွယ် စောင့် ရှောက်ခြင်းအတွက် လည်းကောင်း၊ ကိုယ်တော်ထံ‌တော် မှရရှိခဲ့သော ကောင်းကြီးမင်္ဂလာ ကျေးဇူးတော် အဖြာဖြာတို့ အတွက်လည်းကောင်း ကျွန်ုပ်သည် ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။ ကျွန်ုပ် မှားယွင်းကျူးလွန် မိသော အပြစ်တို့၏ အခွင့် လွှတ်ခြင်းကို လည်း ကျွန်ုပ်သည် ညွတ်တွားစွာ အသနားတော်မြတ်ခံ ပါသည်။ နက်ဖြန်နေ့ ၌ သာ၍ ကောင်းစွာ ပြုကျင့် နိုင်အောင် ကိုယ်တော်၏ သန့်ရှင်း သော ကျေးဇူးတော် ကို ထပ်လောင်း၍ ကျွန်ုပ်အားပေးသနားတောမူပါ။ အာမင်

အပြစ်တို့ ကို လျှောက်ရသော မေတ္တာ

ကျွန်ုပ်သည် စိတ်၊ နှုတ်၊ အကျင့် တို့ဖြင့် အကြိမ်များစွာ ကျူးလွန်၍ အပြစ် သို့ ရောက်မိကြောင်းကို ၊ အနန္တ တန်ခိုးတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရားသခင်၊ အစဥ် သီလနှင့် ပြည့်စုံတော်မူ‌သော ကညာမာရီယား၊ မွန်မြတ် သော သိကြားမင်း မီကာအဲလ်၊ မွန်မြတ်သော ဇွင်ဗတ္တိစတား၊ တပည့်တော် ကြီးသံပေတရူး၊ သံပေါလူး နှင့် ရဟန္တာ အပေါင်းတို့ အား ကျွန်ုပ်လျောက်ပါသည်။ ကျွန်ုပ် အပြစ်၊ ကျွန်ုပ်အပြစ်၊ ကျွန်ုပ် အပြစ် ကြီးလှပါသည် ဖြစ်၍ အစဥ်သီလ နှင့် ပြည့်စုံတော် မူသော ကညာမာရီယား၊ မွန်မြတ် သော သိကြားမင်း မီကာအဲလ်၊ မွန်မြတ်သော ဇွင်ဗတ္တိစတား၊ တပည့်တော်ကြီး သံပေတရူး၊ သံပေါလူး နှင့် ရဟန္တာ အပေါင်းတို့ အား ကျွန်ုပ် အဖို့  ဘုရားသခင်ထံ ဆုတောင်း ပါမည့် အကြောင်း ကျွန်ုပ်တောင်း လျောက်ပါသည်။ အာမင်

Commandments & Precepts of the Church

မြတ်စွာဘုရားရှင်၏ပညတ်တော်(၁၀)ပါး
(၁) ဘုရားတစ်ဆူအပြင် မည်သည့် အရာ သတ္တဝါကို၊ ဘုရားအမှတ် နှင့် ကိုးကွယ်ခြင်း ကို မပြုလင့်။
(၂)ဘုရာရှင်၏ နာမတော် မြတ်ကို မရိုမသေ သုံးဆောင်ခြင်းကို မပြုလင့်။
(၃) ဘုရားရှင်၏ သတင်းပွဲနေ့တို့ကို ဆောင့်လော။
(၄) မိဘတို့အား ရိုသေခြင်းကို ပြုလော။
(၅) လူ၏ အသက်ကို သတ်ပုတ်ခြင်းကို မပြုလင့်။
(၆) ကာမဂုဏ်အမှု၌ ကျူးလွန်ခြင်းကို မပြုလင့်။
(၇) သူ၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်း မပြုလင့်။
(၈) မုသား သက်သေခံခြင်းကို မပြုလင့်။
(၉) သူ၏ သားမယားကို တပ်စွမ်းခြင်း မရှိစေလင့်။
(၁၀) သူ၏ ပစ္စည်းဥစ္စာကို လိုခြင်သော လောဘစိတ် မရှိစေလင့်။
အသင်းတော်၏ကျင့် ဝတ်တော် (၆) ပါး
(၁) တနင်္ဂနွေနေ့နှင့် ဘာသာဝတ္တရားပွဲ့နေ့တို့၌ မစ္ဆား တရားတော် မြတ်ကို နာယူကုန်လော။
(၂) တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် အာပတ်ဖြေ ကုန်လော။
(၃) ပါစကားပွဲ ကာလ၌ ကိုယ်တော်မြတ်ကို ပင့် ယူကုန်လော။
(၄) ဝါရှောင်ခြင်း နှင့် အသားရှောင်ခြင်း ပြုရမည့်နေ့ တိုကို စောင့်လော။
(၅) ရဟန်းသံဃာ တော် တို့ အား ထောက်ပံ့ ကူညီခြင်းကို ပြုလော။
(၆) လက်ထက်ထိမ်းမြားခြင်းပွဲ အမှု မပြုအပ်သည့် ကာလနေ့ တို့ကို ရှောင်ကုန်လော။

Summary of Faith

တပည့်တော်ကြီးများစီရင်ရေးသားထားသော ယုံကြည်ခြင်းအချုပ်

အားလုံးစုံကို တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို ကျွန်ုပ်တို့သည် ယုံကြည် လေးမြတ်ခြင်းရှိပါ၏။ ခမည်းတော်၏ တစ်ပါးတည်းသော သားတော် ယေဇူးခရစ္ဆတူး ကျွန်ုပ်တို့၏ သခင်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ ယူတော်မူ၍ ကညာမာရိယာမှ ဖွားမြင်တော်မူသည်။ ပုံစီဦး ပီလာတူး မင်းလက်ထက် ဒုက္ခစရိယာ ကျင့်ခံတော်မူ၍၊ တံကျင်၌ သတ်ထားသဖြင့် အသက်တော်ထွက်၍ အလောင်းတော်ကို သဂြိုင်္ဟ်သည်။ အောက်နိမ့်ရာ အရပ်သို့ ဆင်းကြွတော်မူ၍ တတိယ နေ့တွင် သေသည့်သူတို့အစုမှ ရှင်ပြန် ထမြောက်တော်မူသည်။ ကောင်းကင်ဘုံသို့ တတ်တော်မူ၍ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား လက်ယာဘက်မှာ ထိုင်၍ နေတော်မူသည်။ ထိုမှ ရှင်သူ သေသူတို့ကို စီရင်စစ်ကြော တော်မူရန် ကြွလာတော်မူလိမ့်မည်။ ဤအကြောင်း အချက်တို့ကို ယုံကြည် လေးမြတ်ခြင်း ရှိပါ၏။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကိုလည်းကောင်း၊ သန့်ရှင်းသော ကက်သလစ် အသင်းတော်ကို လည်းကောင်း၊ သူတော်သူမြတ် အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုး ကုသိုလ်တို့ကို ခံစားရကြောင်း၊ အပြစ်ဟူသမျှကို လွတ်ကြောင်း ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့်အကြောင်း၊ အစဉ်ထာဝရ အသက်ရှင်မည့်အကြောင်းတို့ကိုလည်း ယုံကြည် လေးမြတ်ခြင်းရှိပါ၏။ အာမင်။